Friday, March 29, 2013

မသာကိုသွား ကျောင်းကိုလား ဘယ်ဟာအကျိုးများ...?



ဦးထွန်းရွှေ (ခရမ်းခြံရွာ) တန့်ဆည်မြို့နယ်၊ စစ်ကိုင်းတိုင်းရဲ့ လျှောက်ထားသော မေးခွန်းမှာ---


မေး။ ။ ဆရာတော်ဘုရား ရိုသေစွာ လျှောက်ထားမေးမြန်းအပ်ပါသည်---

မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်၊ မှတ်လောက် ဆိုပုံမှာ၊
ဓိပ္ပါယ်သိချင်၊ မေးလျှောက်တင်၊ ဖြေလျှင် ပေးတော်မူပါ။

(က) “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ဆိုတဲ့ စကားပုံရဲ့ ရည်ရွယ်ချက်နှင့် အကျိုးအာနိသင်ကို ရှင်းပြ ပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

ဖြေ။ ။ (က) “မသာတခေါက် ကျောင်းဆယ်ခေါက်” စကားပုံသည် သေခြင်းတရားကို မျက်ကွယ်မပြုရန်, ဆင်ခြင် သုံးသပ်နိုင်ရန် သတိပေးတဲ့ စကားပုံဖြစ်ပါတယ်၊ အသုဘတစ်ကြိမ် ရှု၍ ရတဲ့ သတိသံဝေဂသည် ဘုန်းကြီးကျောင်းသို့ ဆယ်ခေါက် သို့မဟုတ် အခေါက်ခေါက် အခါခါသွား၍ တရားနာရမှ ရတဲ့ သတိသံဝေဂနှင့် ညီမျှသည်လို့ ဆိုလိုပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers