Friday, March 29, 2013

ရရှိလှူဖွယ် ပြန်လှူတယ် ကျိုးဘယ်သူရမယ်...?



ဒေါ်ကျင်ရီ (Daly City) လျှောက်ထားသော မေးခွန်းမှာ---


ထပ်ဆင့်လှူဒါန်း၊ ပြုစွမ်းကုသိုလ်၊ လှူ့ရှင်ကို၊ ရလိုနိုင်သလော?

(ခ) အရှင်ဘုရားတပည့်တော်တို့ ဒုလ္လဘသီလရှင်ဝတ်ရာတွင် ရရှိသော အလှူပစ္စည်း, ဝတ္ထုငွေ များကို ထပ်ဆင့်၍ ဘုန်းကြီးကျောင်းကို လှူဒါန်းသည့်အခါ ပထမလှူဒါန်းခဲ့သော အလှူ့ရှင်များလည်း ထပ်ဆင့်ကုသိုလ် ရနိုင်ပါသလားဘုရား?

(ခ) မိမိသီလရှင်ဝတ်စဉ်က ရရှိခဲ့သော အလှူပစ္စည်း, အလှူငွေများကို ထပ်ဆင့်၍ ကျောင်းအား လှူဒါန်းလိုက်ရုံနဲ့ ပထမလှူဒါန်းခဲ့သော အလှူရှင်များ ထပ်ဆင့်ကုသိုလ် မရနိုင်ကြသေးပါ၊ မိမိ ထပ်ဆင့်လှူဒါန်းလိုက်ကြောင်းကို အသိပေး အမျှဝေ၍ သူတို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှ ကုသိုလ် ရကြပါလိမ့်မည်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers