Tuesday, March 26, 2013

ထွက်လေ၀င်လေ မရှိသူ ထက်ထက်အောင်,ကိုမူ...?



မကေသီ (Katherine Chen), 935 Higate Dr., Daly City, CA 94015 လျှောက်ထားသော မေးခွန်းမှာ-

မေး။ ။ အရှင်ဘုရား

ထွက်လေ ဝင်လေ၊ မရှိပေ၊ မှတ်လေ သူရှစ်မျိုး၊
စံပြကျောင်းသူ၊ ထက်ထက်ဟူ၊ သေမူ မပုပ်သိုး၊
ဘယ်လိုမျိုးမှာ၊ သူဝင်ပါ၊ ကျမ်းလာ ဖြေကာကိုး။

ထွက်လေဝင်လေ မရှိသူ ၈-မျိုး (ရေနစ်သူ, မေ့မြောသူ, သေသူ နိရောဓသမာပတ်ဝင်စားသူ, ဗြဟ္မာ) စသည်-ဟု မနေ့က သင်ယူမိသောအခါ မကြာသေးခင်က သိလိုက်သော သေပြီး မပုပ်မသိုးတဲ့ စံပြကျောင်းသူ မထက်ထက်အောင်သည် ဘယ်အမျိုးအစားမှာ ပါဝင်နေပါသလဲဘုရား?

ဖြေ။ ။ မကေသီရဲ့ မေးခွန်းများနှင့်ပတ်သက်သော အဖြေများမှာ---

 မေးခွန်းရှင်အနေနဲ့ ထွက်လေဝင်လေ မရှိသူ ၈-မျိုးကို သိထားပေမဲ့ စာရှုသူများအနေနဲ့လည်း သိထားသင့်ပါ တယ်။

ထို ၈-မျိုးမှာ---
၁။ အမိဝမ်းတွင်း၌ နေသူ၊
၂။ ရေထဲ၌ နစ်မြုပ်နေသူ, ငုပ်နေသူ၊ (ကိရိယာဖြင့် ရေငုပ်သူ Diver ကို မဆိုလို)၊
၃။ မေ့မျောနေသူ၊
၎။ သေသူ၊
၅။ စတုတ္ထဈာန်ဝင်စားနေသူ၊
၆။ ရူပဗြဟ္မာ၊
၇။ အရူပဗြဟ္မာ၊
၈။ နိရောဓသမာပတ်ဝင်စားနေသူ---

ဤ ၈-ယောက်တို့သည် အသက်မရှူကြ-ဟု ကျမ်းဂန်များ၌ လာရှိပါတယ် ။ ထို ၈-မျိုးတို့တွင် သေပြီး မပုပ် မသိုးတဲ့ စံပြကျောင်းသူ မထက်ထက်အောင်က “သေ၍ ထွက်လေဝင်လေကင်းသွားတဲ့ နံပါတ် ၄-အမျိုးအစား”မှာ ပါဝင်ပါတယ်။


ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့


ကျောက်မဲမြို့  အမှတ်(၈)ရပ်ကွက်နေ ဦးဇော်နီ + ဒေါ်နန်းရွှေအိမ် (ဟိန်း-ဗီဒီယို)တို့၏ 
တစ်ဦးတည်းသောသမီး - အသက် (၁၄) နှစ်ရှိ (မထက်ထက်အောင်) 
အဌမတန်း (A) အထက-၁ ၏ ကွန်လွန်ခြင်း  မှတ်တမ်း

No comments:

Post a Comment

Followers