Wednesday, March 27, 2013

အရိမေတ္တေယျာ ဘယ်ချိန်ခါ ပွင့်ထွန်းတော်မူမှာ…?



Daw Helen, Daly City လျှောက်ထားသော မေးခွန်းမှာ---


ငါးဆူမြောက်လာ၊ မြတ်ဗုဒ္ဓါ ဘယ်ခါ ပွင့်မည်နည်း?

(ဂ) အရှင်ဘုရားဘယ်လောက်ကြာမှ ငါးဆူမြောက် မြတ်စွာဘုရား ပွင့်တော်မူပါမလဲဘုရား?

How soon the 5th Buddha will be born, Venerable Sir?

ဖြေ။ ။ Daw Helen ရဲ့ မေးခွန်းများနှင့်ပတ်သက်၍---

(ဂ) လူတို့ရဲ့သက်တမ်းက ဆုတ်ကပ်, တက်ကပ်-လို့ ၂-မျိုးရှိရာတွင် ဆုတ်ကပ် တစ်သိန်းတမ်းနှင့် တစ်ရာတမ်း အကြားမှာသာ ဘုရားပွင့်ရိုး ဓမ္မတာဖြစ်တယ်။ ယခုအခါ ဆုတ်ကပ်ဖြစ်၍ လူတို့သက်တမ်းဟာ ဆယ်နှစ်တမ်း အထိ တဖြည်းဖြည်း ဆုတ်ယုတ်သွားလိမ့်မယ်၊ ထိုအခါ ကျား+မတွေဟာ ၅-နှစ်အရွယ်မှာ အိမ်ထောင်ပြုလိမ့်မယ်၊ တိရစ္ဆာန်တွေလို မိဘစသည်တို့အပေါ်မှာ ကောင်းစွာ ပြုလုပ်ရမည့် ကျင့်ဝတ်များ မရှိကြ၊ အမေ, မိကြီး မိထွေး, အရီးကြီး အရီးလေးစသည်တို့အပေါ်မှာ လေးစားတဲ့စိတ် မရှိကြ, မိဘနှင့် သားသမီး, ညီအကို မောင်နှမစသည် အချင်းချင်းပင် ဒေါသ အာဃာတတွေ ဖြစ်ပွါးလျက် သားကောင်များသဖွယ် သတ်ဖြတ်ကြကာ သတ္ထန္တရကပ်ဆိုက်ရောက်လိမ့်မယ်။

ထိုအခါမှာ အချို့သူတွေဟာ သတိတရားရကြကာ ပါဏာတိပါတစသည်မှ ရှောင်ကြဉ်ကုန်လျက် ကုသိုလ် ကောင်းမှုပြုလာကြသောကြောင့် မိဘတွေရဲ့ သက်တမ်းထက် သားသမီးတွေရဲ့သက်တမ်းက တိုးတက်သွားရာတွင် အသက်နှစ်ဆယ်, လေးဆယ်, ရှစ်ဆယ်စသည်ဖြင့် အသင်္ချေယျအထိ သက်တမ်းတိုးတက်သွားကြလိမ့်မည်၊ ထိုဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းအထိ တိုးတက်သွားတဲ့ သက်တမ်း တိုးတက်ရာကာလကို တက်ကပ်-လို့ ခေါ်တယ်။

ထိုအသင်္ချေယျတမ်းဝယ် လူတွေဟာ ဆင်းရဲဒုက္ခကို မသိကြ, လူတို့ အသက်ရှည်လွန်း၍ အိုခြင်း, နာခြင်း, သေခြင်းစတဲ့ လက္ခဏာတွေ မထင်မမြင်လတံ့၊ ထိုသို့ လက္ခဏာတွေ မထင်သည့်အတွက် တရားပျက်ပြီးလျှင် အသင်္ချေယျတမ်းမှ ဆုတ်ယုတ်၍ အသက်ရှစ်သောင်းတမ်းမှာ “အရိမေတ္တေယျဘုရား” ပွင့်တော်မူပါလိမ့်မယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers