Wednesday, March 27, 2013

ဆရာတော်ဘုရား ရဟန္တာများ ဖူးဘူးပါသလား...?



Daw Helen, Daly City လျှောက်ထားသော မေးခွန်းမှာ---


ရဟန္တာများ၊ ဘယ်နှစ်ပါး၊ မြင်ငြားဘူးသနည်း?

(ခ) အရှင်ဘုရား ယခင်က ရဟန္တာ ဘယ်နှစ်ပါး မြင်တွေ့ခဲ့ဘူးပါသလဲဘုရား?
How many Arahants have you seen in the past?

ဖြေ။ ။ Daw Helen ရဲ့ မေးခွန်းများနှင့်ပတ်သက်၍---

(ခ) လောကမှာ Ph.D., M.A., B.A. စတဲ့ဘွဲ့တွေကို သက်ဆိုင်ရာမှ ပေးထားသူတွေကို ဘယ်သူက Ph.D., ဘယ်သူက M.A., ဘယ်သူကတော့ B.A. စသည်ဖြင့် သိရသလို ရဟန္တာ ဆိုတာက သက်ဆိုင်ရာမှ သတ်မှတ်ပေးတာမျိုး မဟုတ်ပဲ တရားအားထုတ်၍ ကိလေသာကုန်ခန်းပြီး ဖြစ်လာတာမို့ မိမိကိုယ်တိုင်လည်း သိတယ်, အဆင့်တူ (ရဟန္တာအချင်းချင်း)လည်း သိတယ်၊ အဆင့်နိမ့်သူ အောက်ပုဂ္ဂိုလ်တွေကတော့ ကောင်းစွာ မသိနိုင်ကြပါ၊ ဒါ့ကြောင့် ဘုန်းကြီးအနေနဲ့လည်း စာပေအရသာ ယခင်က ဖြစ်တော်မူခဲ့ကြတဲ့ ရဟန္တာများကို သိရတယ်၊ မြန်မာပြည်၌ ရဟန္တာ-လို့ ကျော်ကြားတော်မူခဲ့ကြတဲ့ ဆရာတော်အချို့ကိုတော့ ဖူးဘူးပါတယ်၊ ရဟန္တာဟုတ်, မဟုတ်တော့ မိမိဉာဏ်မမှီ၍ မဆုံးဖြတ်နိုင်ပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers