Wednesday, March 27, 2013

ရှေးရှေးအခါ လွယ်ကူစွာ တရားရကြတာ၊ ယခုချိန်ခါ...?



Daw Helen, Daly City လျှောက်ထားသော မေးခွန်းမှာ---


ဘုရားလက်ထက်၊ ဓမ္မစက်၊ ရချက်လွယ်လှသည်၊
ယခုအခါ၊ ဘာကြောင့်ပါ၊ လွန်စွာ ခက်လှသည်၊
အကြောင်းခြင်းမှာ၊ ခြားနားရာ၊ သေချာ မိန့်လိုသည်။

မေး။ ။ (က) ဘုရားရှင်လက်ထက်က လူအများဟာ လွယ်ကူစွာ တရားရကြပြီး, ရဟန်းတော်များမှာလည်း လွယ်ကူစွာပင် ရဟန္တာ ဖြစ်ခဲ့ကြပါတယ်ဘုရား၊ ယခုအခါမှာတော့ မဖြစ်ကြတာဟာ ဘာကြောင့်ပါလဲဘုရား?

At the time of the Buddha, people got enlightment (realized the truth) easily and monks became Arahant easily, too. Why nowadays is it very difficult and hardly?


ဖြေ။ ။ Daw Helen ရဲ့ မေးခွန်းများနှင့်ပတ်သက်၍---

(က) ဘုရားလက်ထက်တော်က တရားဟောကြားတော်မူတဲ့ ပုဂ္ဂိုလ်ကလည်း သတ္တဝါတွေရဲ့ အလိုစရိုက်ကို သိတော်မူတဲ့ ဘုရားဖြစ်ခြင်း, တရားနာသူတွေကလည်း အများအားဖြင့် ပါရမီရှိသူတွေ ဖြစ်ခြင်းတို့ကြောင့် လူအများဟာ လွယ်ကူစွာ တရားရခဲ့ကြသည်၊ ရဟန်းတော်များဟာလည်း အများအားဖြင့် ပါရမီပြည့်ဝလျက် ဘုရားရှင်နှင့် ကြုံတွေ့ကြကာ ဘုရားအဆုံးအမတော်အတိုင်း လိုက်နာကျင့်ကြံကြသဖြင့် လွယ်ကူစွာပင် ရဟန္တာ ဖြစ်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ တရားဟော တရားပြဆရာများကလည်း ဘုရားရှင်ကဲ့သို့ ပုဂ္ဂိုလ်ရဲ့စရိုက်ကို မသိနိုင်ကြခြင်း, တရားနာသူ ကျင့်ကြံ အားထုတ်သူများကလဲ အများအားဖြင့် ပါရမီဓာတ်ခံအားနည်းခြင်း, လောကီအာရုံ ကာမဂုဏ်တွေ နှိပ်စက်မှုဒဏ်ကြောင့် ကောင်းစွာ မလိုက်နာ မကျင့်ကြံနိုင်ကြခြင်းတို့ကြောင့် တရားထူးမရ, ရဟန္တာမဖြစ်နိုင်ကြတာ ဖြစ်ပါတယ်၊ လုံးဝ တရားထူးမရ, ရဟန္တာ မဖြစ်ကြတာတော့ မဟုတ်ပါ၊ အစစ်အမှန် တရားထူးရတဲ့ပုဂ္ဂိုလ်တွေက တန်ဖိုးမဖြတ်နိုင်သော ရတနာကို ရရှိထားသူကဲ့သို့ မိမိတို့သိထား ရထားတဲ့တရားထူးကို အများသိအောင် ကြေညာကြ ပြောပြကြလိမ့်မည်မဟုတ်ပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers