Saturday, May 18, 2013

ကောသလနဲ့ မလ္လိကာ တရားမရ ဘယ်ကြောင်းဖန်...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


ကောသလ, မလ္လိကာ၊ မြတ်ဗုဒ္ဓါ၊ လွန်စွာ ဆည်းကပ်သူ၊
တရားမရ၊ ဘယ်ကြောင့်ပ၊ မိန့်ဟပေးတော်မူ။

မေဒ။ ။(ဃ) ကောသလဘုရင်ကြီးနှင့် မလ္လိကာ မိဖုရားကြီးတို့သည် ဘုရားရှင်အား ချဉ်းကပ်တရားနာကြရပြီး, သူမတူသော အသဒိသဒါနများကိုပြုကြပါလျက် အဘယ့်ကြောင့် တရားထူး မရရှိကြပါသနည်း?

ဖြေ။ ။(ဃ) “မေတ္တေယျဘုရားသခင် သာသနာတော်ကွယ်၍ ကာလရှည်မြင့်သဖြင့် ဤဘဒ္ဒကမ္ဘာ ပျက်သည်ရှိသော် ကမ္ဘာတစ်သင်္ချေလွန်၍ မဏ္ဍကမ္ဘာ၌ ရာမဘုရား, ဓမ္မရာဇာဘုရား နှစ်ဆူ ဖြစ်ကုန်လတ္တံ့၊ ထိုနှစ်ဆူတို့တွင် ရာမမင်းသည် ရာမဘုရားဖြစ်လတ္တံ့၊ ရာမဘုရားသခင် သာသနာတော် ကွယ်လွန်ပြီးသော် ထိုကမ္ဘာ၌ပင် ပေဿနဒီ ကောသလ မင်းကြီးသည် ဓမ္မရာဇာ (မည်သော) ဘုရားဖြစ်တ္တံ့၊ သက်တော် ငါးသောင်း, အရပ်တော် သန်တောင် ခြောက်ဆယ်, ကံ့ဂေါ်ပင် ဗောဓိ (ပင်)ဖြစ်လတ္တံ့” ဟူသော အနာဂတဝင်ဝတ္ထု, ဒသဗုဒ္ဓအနာဂတဝင် (၄၈-၄၉) အရလည်းကောင်း, According to the AnÈgatavaÑsa, Pasenadi is a Bodhisatta. He will be the fourth future Buddha. (DICTIONARY OF PŒ£I PROPER NAMES, VOL. II) အရ လည်းကောင်း ကောသလ ဘုရင်ကြီးသည် ဘုရားအလောင်းဖြစ်၍ ဘုရားရှင်အား ချဉ်းကပ်၍ တရားနာရသော်လည်း တရားထူးမရနိုင်ပါ။

မလ္လိကာမိဖုရားကြီးကတော့ ရေချိုးအိမ်အတွင်း၌ အကျွမ်းတဝင်မွေးထားသော ခွေးနှင့် ပြစ်မှားကျူးလွန်နေစဉ် ကောသလမင်းကြီး ပြသာဒ်ထက် လေသာပြတင်းမှ တွေ့မြင်သဖြင့် အဘယ့်ကြောင့် ဤမျှ လောက် ယုတ်မာသော အမှုကို ပြုရသနည်း?ဟု ပြောဆို၏၊ မလ္လိကာမိဖုရားကြီးက “မဟုတ်ပါကြောင်း” ငြင်းဆိုပြီး “တစ်စုံ တစ်ယောက်က ဤရေချိုးအိမ်မှာ ဝင်နေစဉ် ပြာသာဒ်ထက် လေသာပြတင်းမှ ကြည့်လျှင် တစ်ယောက်တည်းပင် နှစ်ယောက်အားဖြင့် ထင်တတ်ပါ၏”ဟု ပြောဆိုကာ ကောသလ မင်းကြီးကို ရေချိုးအိမ်အတွင်း ဝင်စေကာ “ဆိတ်မတစ်ကောင်နှင့် လွန်ကျူး နေကြောင်း” လိမ်ညာ၍ စွပ်စွဲ ပြောဆိုလေသည်၊ ကွယ်လွန်ခါနီးဝယ် ထိုမကောင်းမှုကို သတိရကာ ကွယ်လွန်သဖြင့် အဝီစိငရဲ၌ ခုနစ်ရက်ခံရပြီး ရှစ်ရက်မြောက်နေ‹၌ ထိုအဝီစိငရဲမှ စုတေလတ်သော် တုသိတာနတ်ပြည်၌ ဖြစ်လေသည်-ဟု ဓမ္မပဒအဋ္ဌကထာ ဒုတိယတွဲ မလ္လိကာဝတ္ထု (၇၅-၇၆)လာရှိသောကြောင့် မလ္လိကာမိဖုရားကြီးလည်း တရားထူးမရရှိပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers