Wednesday, March 27, 2013

မေတ္တာ,ဆန္ဒာ နှစ်ခုမှာ သေသူအတွက် ဘယ်အရာ...?



Daw Helen, Daly City လျှောက်ထားသော မေးခွန်းမှာ--- 


သေသည့်သူအား၊ မေတ္တာပွါး၊ လားလား မပြုရာ၊
ကောင်းမွန်ရာလေ၊ ရောက်ပါစေ၊ ပြုပေ ဆန္ဒသာ၊
ပြုကောင်းမပြုကောင်း၊ ကျမ်းကိုဆောင်း၊ ကျိုးကြောင်း မိန့်ဆိုပါ။ 

(ဃ) သေတဲ့လူကို မေတ္တာ မပို့ရဘူး-ဆိုပါတယ်၊ 

အသုဘသွားရင် သေတဲ့သူ ကောင်းရာမွန်ရာ ရောက်ပါစေ-လို့ ဆန္ဒပြုလို့ရပါသလား? လမ်းမှာ တိရိစ္ဆာန်တွေ သေတာတွေ့ရင် ကောင်းရာမွန်ရာ ရောက်ပါစေ-လို့ ပို့လို့ရပါသလား ဘုရား? 

ဖြေ။ ။ Daw Helen ရဲ့ မေးခွန်းများနှင့်ပတ်သက်၍--- 

(ဃ) သေတဲ့သူအား လုံးဝ မေတ္တာမပို့ရပါ၊ ပို့လျှင်လဲ သေသူထံသို့ မရောက်ပါ၊ သေတဲ့သူ, သေတဲ့ တိရစ္ဆာန်တွေ ကောင်းရာသုဂတိလားပါစေ, ရောက်ပါစေ-လို့ ဆန္ဒပြုနိုင်ပါတယ်၊ မိမိပြုလုပ်တဲ့ကုသိုလ်အဖို့ကိုလဲ သေသူ (ကွယ်လွန်သူ) တို့အား အမျှပေးဝေနိုင်ပါတယ်။ 

ဆရာတော် ဦးဇောတာလင်္ကာရ 
ဓမ္မာနန္ဒ ဝိဟာရ 
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers