Sunday, April 28, 2013

ကလျာဏနဲ့ အန္ဓရယ် ဘယ်လိုခွဲရမယ်...?



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းမှာ---


နှစ်မျိုး ပုထုဇဉ်၊ ခြားနားအင်၊ ကျမ်းယှဉ် မိန့်တော်မူ။

မေး။  ။(င) ကလျာဏပုထုဇဉ်နှင့် အန္ဓပုထုဇဉ်-လို့ ပုထုဇဉ် ၂-မျိုးကို တပည့်တော်မ ကြားဖူးပါသည်၊ ထိုပုထုဇဉ် ၂-မျိုး၏ ကွဲပြားခြားနားချက်ကို ဖြေရှင်းပေးတော်မူပါဘုရား။

ဖြေ။  ။(င) ခန္ဓာ (၅-ပါး), အာယတန (၁၂-ပါး), ဓာတ် (၁၈-ပါး), ပဋိစ္စသမုပ္ပါဒ်တို့၌ သင်ယူခြင်း, အဖန်ဖန် မေးမြန်းခြင်း, ကြားနာခြင်း, ဆောင်ရွက် မှတ်သားခြင်း, ဆင်ခြင် စဉ်းစားခြင်းတို့ မရှိတဲ့ ပုထုဇဉ်ကို “အန္ဓပုထုဇဉ် (ပညာမျက်စိ ကာဏ်း -(ကန်း)- တဲ့ ပုထုဇဉ်)” ခေါ်ပါတယ်။

ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်တို့၌ သင်ယူခြင်း, အဖန်ဖန် မေးမြန်းခြင်း, ကြားနာခြင်း, ဆောင်ရွက် မှတ်သားခြင်း, ဆင်ခြင် စဉ်းစားခြင်းတို့ ရှိတဲ့ ပုထုဇဉ်ကို “ကလျာဏပုထုဇဉ် (ပညာမျက်စိရှိ၍ ကောင်းတဲ့ ပုထုဇဉ်)” ခေါ်ပါတယ် ။ ဤကဲ့သို့ ကွဲပြားခြားနားပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers