Wednesday, April 17, 2013

အရိုးကွင်းဆက်၊ ချိတ်, တေ့လျက်၊ မတူကွဲပြား ဖြစ်ပုံများ...?



အေးအေးလွင် (Daly City) လျှောက်ထားသော မေးခွန်းမှာ-


မေး။ ။ ဆရာတော်ဘုရား---

အရိုးတေ့ဆက်၊ ချိတ်, ကွင်းဆက်၊ ကွဲချက် ရှင်းပြပေး။

(ဃ) တေ့ဆက်, ချိတ်ဆက်, ကွင်းဆက်၏ ဆိုလိုရင်းကို ရှင်းပြပေးတော်မူပါဘုရား။

(ဃ) တေ့ဆက်ရဲ့ဆိုလိုရင်းမှာ ပကတိလူသားနှင့် ရဟန္တာတို့ရဲ့အရိုးများသည် အရိုးတစ်ခုနှင့် တစ်ခု တေ့ဆက်၍ တည်ရှိကြတယ်။

ချိတ်ဆက်ရဲ့ဆိုလိုရင်းမှာ ပစ္စေကဗုဒ္ဓွါတို့၏အရိုးများသည် ချွန်းများကဲ့သို့ ချိတ်ဖြစ်၍ ချိတ်ချင်း ချိတ်ငြိလျက် တည်ရှိကြတယ်။

ကွင်းဆက်ရဲ့ဆိုလိုရင်းမှာ ဘုရားရှင်ရဲ့အရိုးတော်များကား သံခြေချင်းကွင်းဆက်ကဲ့သို့ တပေါင်းတည်း ဖွဲ့၍ တည်ရှိကြတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers