Thursday, April 11, 2013

ရုပ်နာမ်နှစ်ဝ ဖြစ်တည်ကြ မည်သည့်ဟာကစ...?



မောင်အောင်သက်မွန် (ရန်ကုန်) လျှောက်ထားသော မေးခွန်းမှာ---


မေး။ ။ အရှင်ဘုရား

ရုပ်နှင့်နာမ်မှာ၊ ဤနှစ်ဖြာ၊ ဘယ်ဟာ အရင်ဖြစ်သနည်း?

(ဂ) ရုပ်နှင့်နာမ် ဘယ်အရာက အရင်ဖြစ်ပါသနည်း (ကံ, စိတ်, ဥတု, အာဟာရ)?

(ဂ) ဒီမေးခွန်းက ဘယ်လိုအခြေအနေကို ရည်ရွယ်မေးတယ်ဆိုတာ မရှင်းလှပါ၊ ဖြစ်နိုင်ခြေရှိတဲ့ အဖြေများကတော့ “ကမ္ဘာဦးအစ ကမ္ဘာတည်ပုံကိုကြည့်လျှင် ရုပ်ကမ္ဘာကြီးဖြစ်ပြီးနောက်မှ သြပပါတိကသတ္တဝါတွေ ဖြစ်လာကြတာမို့ ရုပ်က အရင်ဖြစ်တယ်-လို့ ဆိုနိုင်တယ်၊ ပဋ္ဌာန်းပစ္စည်းများတွင် အာရမ္မဏပစ္စည်း၏ ပစ္စည်း, ပစ္စုပ္ပန်ကျေးဇူးပြုပုံကိုကြည့်လျှင်လည်း ရုပ်က အရင်ဖြစ်တယ်လို့ ဆိုနိုင်တယ်၊

ပကတူပနိဿယပစ္စည်း၌ “ဥတု, ဘောဇန, သေနာသန”တို့အရ မျှတ, မမျှတတဲ့ အအေးအပူ ဥတုကဖြစ်စေ, ဘောဇဉ်အစားအစာကဖြစ်စေ, အိမ် ကျောင်း နေရာထိုင်ခင်းတွေကဖြစ်စေ ကိုယ်ချမ်းသာ, စိတ်ချမ်းသာခြင်း, ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲခြင်းမှသည် ဒါန, သီလ, ဈာန်ကုသိုလ် ရမှု, မရမှုအထိ ကျေးဇူးပြုနိုင်၍ ရုပ်က အရင်ဖြစ်တယ်-လို့ ဆိုနိုင်တယ်၊

သို့သော် ကမ္မဇရုပ်, စိတ္တဇရုပ်တို့ကို ကြည့်လျှင်တော့ နာမ်က အရင်ဖြစ်တယ်- လို့ ပြောလို့ရပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers