Wednesday, April 24, 2013

လွယ်လွယ်သိလို ဓိပ္ပါယ်ကို မောဟဘာကိုဆို...?



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းများမှာ---


မောဟအဓိပ္ပါယ်၊ သိလိုတယ်၊ အလွယ် မိန့်ကြားပါ။

မေး။ ။ အရှင်ဘုရား (က) မောဟ-ကို အဝိဇ္ဇာ-လို့ အဓိပ္ပါယ်ဖွင့်၍ ရပါသလား? မောဟ၏အဓိပ္ပါယ်အပြည့်အစုံ ရှင်းပြပါဘုရား၊ မောဟ တွေဝေခြင်းဆိုတာတော့ သိပါတယ်ဘုရား။

ဖြေ။ ။(က) မောဟ-ကို အဝိဇ္ဇာ-လို့ ဆိုလို့ရပါတယ်၊ မောဟရဲ့ ပရိယာယ်စကားလုံးတွေက “အဝိဇ္ဇာ (ဝိဇ္ဇာ၏ဆန့်ကျင်ဘက်), အညာဏ (ဉာဏ်၏ဆန့်ကျင်ဘက်), မုစ္ဆာ (တွေဝေမိန်းမောခြင်း)”တို့ ဖြစ်တယ်၊ မောဟဆိုတာ အာရုံ၌ တွေဝေ ခြင်း, အာရုံရဲ့အမှန်သဘောကို မသိခြင်း, ဖုံးကွယ်ခြင်းပင် ဖြစ်တယ်၊ အာရုံ၌ တွေဝေခြင်းဆိုရာ၌ ဝိစိကိစ္ဆာသဘောကဲ့သို့ မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေခြင်းမဟုတ်, အာရုံရဲ့အမှန်သဘောကို မသိခြင်းပင် ဖြစ်တယ်၊ ဘဝင်ကျ၍ အိပ်ပျော်နေသလို မသိရုံ သက်သက်လည်း မဟုတ်, ဉာဏ်က အမှန်ကို သိသလို မောဟက အမှားကို သိတယ်၊ ဒါ့ကြောင့် မောဟရဲ့ လက္ခဏာက ဉာဏ်ရဲ့ဆန့်ကျင်ဘက်ပင် ဖြစ်တယ်၊ အာရုံရဲ့ ဟုတ်မှန်တဲ့သဘောကို ဖုံးကွယ်ခြင်းဆိုသည်မှာ ဒုစရိုက် တရားတို့ရဲ့ မကောင်းတဲ့သဘော, သုစရိုက်တရားတို့ရဲ့ကောင်းတဲ့သဘော, ဒုက္ခသစ္စာ စသည်တို့ရဲ့သဘော, အတိတ် ဘဝနှင့် အနာဂတ်ဘဝတို့ ရှိခြင်းသဘော, အကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ် နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘော စသည်တို့ကို မသိအောင် ကာကွယ်ဖုံးလွှမ်းထားခြင်းဟာ မောဟရဲ့လုပ်ငန်းပင် ဖြစ်တယ် ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers