အမည်မသိသူ လျှောက်ထားသောမေးခွန်းမှာ---
မာရ်နတ်ဆိုတာ၊ ခုချိန်မှာ၊ ရှိရှာပါသလော?
မေး။ ။(ခ) မာရ်နတ်သည် ယခုအချိန်အထိ ရှိနေဆဲပါဘဲလားဘုရား?
(မြတ်စွာဘုရားနှင့် တွေ့ခဲ့သော မာရ်နတ်ကို ဆိုလိုပါသည်။)
ဖြေ။ ။(ခ) မာရ်နတ်သည် ယခုအချိန်အထိ ရှိနေဆဲပါဘဲ၊ မြတ်စွာဘုရားနှင့် တွေ့ခဲ့တဲ့ မာရ်နတ်အစစ်ပါ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ-ကျော်က တွေ့တာဆိုတော့ လူတို့နှစ်အရေအတွက် ၁၆ဝဝ-နှစ်မှ မာရ်နတ်နေတဲ့ နတ်ပြည်ရဲ့ နတ်သက် ၁-ရက် ဖြစ်၍ မာရ်နတ်က ဘုရားရှင်နှင့်တွေ့ခဲ့တာ ၂-ရက်ပင် မရှိသေးပါဘူး။
ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့
No comments:
Post a Comment