Monday, April 22, 2013

ကုသိုလ်တွေကို မျှဝေစဉ် အသံမထွက်လျှင်...?



Hla Tun (Daly City) လျှောက်ထားသော မေးခွန်းများမှာ---


 မေး။ ။ အရှင်ဘုရား---

သံမထွက်ပါ၊ စိတ်ထဲသာ၊ မျှကာဝေရာတွင်၊
ထိရောက်မှု ရှိ, မရှိ၊ သိလိုဘိ၊ ဖြေသိ ပေးစေချင်။

မေး။ ။(က)တပည့်တော် ဘုရားရှိခိုးပြီး အမျှဝေရင် အသံမထွက်ပဲ စိတ်နဲ့ဝေပါသည်၊ ထိရောက်မှု ရှိ မရှိ-သိလိုပါသည် ဘုရား။

ဖြေ။ ။ (က) အမျှဝေတယ်-ဆိုတာ မိမိပြုတဲ့ကုသိုလ်အဖို့ကို တပါးသောသတ္တဝါများအား ဝေငှပေးတဲ့သဘောဖြစ်၍ ထိုသတ္တဝါတွေ သိဖို့ဆိုရင် အသံမထွက်ပဲ စိတ်နဲ့ ဝေတာက မလုံလောက်ဘူး၊ နှုတ်ဖြင့် အသံထွက်ဝေမှ ထိရောက်မှု ရှိပါလိမ့်မယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers