Wednesday, April 10, 2013

စုန်းဆိုသည်မှာ ဘယ်အရာ ပြုစားကွယ်ကာ ဘယ်ဂါထာ...?



မောင်အောင်သက်မွန် (ရန်ကုန်) လျှောက်ထားသော မေးခွန်းမှာ---


မေး။ ။ အရှင်ဘုရား---

လောကဝေါဟာ၊ စုန်းဆိုတာ၊ မှန်စွာ ရှိသလော?

(က) စုန်းဆိုတာ ရှိပါသလား?

ဖြေ။ ။ (က) စုန်းဆိုတာ ရှိပါတယ်။ ပြုစားတတ်သည်, ဖမ်းစားတတ်သည်ဆိုသော    လောကီအတတ်ပညာသည်ဖြစ်၏ ။


စုန်းအန္တရာယ်၊ ရန်ကာကွယ်၊ ဟောခြယ် ဂါထာရှိသလော?

(ခ) ဘုရားလက်ထက်ကပင် ရဟန်းတော်များအား ပြုစားတတ်သည်- ဟု ကြားဖူးပါသည်၊ ဘုရားရှင်မှ စုန်း၏အန္တရာယ်ကို ကာကွယ်ရန် ရဟန်းတော်များအား ဂါထာတော်များ ဟောသည်- ဟူ၍ ရှိပါသလား? အရှင်ဘုရား။

(ခ) ဘုရားရှင်က စုန်းအန္တရာယ်ကို ကာကွယ်ရန် ရဟန်းတော်များအား ဂါထာတော်များ ဟောတာတော့ မရှိပါ။ အခါတစ်ပါး စုန်းတတ်တဲ့ အိမ်ရှင်မတစ်ဦးက မိမိအလိုပါအောင် ပေးသော ပီယဆေးကို သောက်မိတဲ့ရဟန်းဟာ ရူးနှမ်းနှမ်းဖြစ်သွားရာ ဘုရားရှင်က ထွန်သွားမှာ ကပ်နေတဲ့ မြေကြီးခဲကို ရေဖျော်၍ သောက်စေကြောင်းကို ဝိနည်းမဟာဝါ ဘေသဇ္ဇက္ခန္ဓက ပါဠိတော်, အဋ္ဌကထာ (ဝိ၊ ၃၊ ၂၉၉။ ဝိ၊ ဋ္ဌ၊ ၃၊ ၃၇၅) တို့၌ ပါရှိပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers