Thursday, April 25, 2013

ကိုယ်တိုင်ပေးလှူ တစ်ဆင့်မူ အကျိုးတူ,မတူ...?



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းမှာ---


ကိုယ်တိုင်အလှူ၊ တဆင့်လှူ၊ ရယူ ကုသိုလ်တူသလော?

(ဂ) အလှူပေးရာတွင် ကိုယ်တိုင်ကိုယ်ကျ လှူတာနဲ့ တဆင့်ပေး၍ လှူတာ ကုသိုလ်ရတာချင်း တူပါသလား? ဆိုလိုတာက “မြန်မာပြည်သွားသူကို လူကြုံပေး၍ လှူခြင်း”ကို ဆိုလိုပါသည်ဘုရား။

(ဂ) ကိုယ်တိုင်ကိုယ်ကျ လှူတာနဲ့ တဆင့်ပေး၍ လှူတာ ကုသိုလ်ရတာချင်း မတူပါ၊ ကိုယ်တိုင်လှူတာက “သာဟတ္ထိကဒါန-အလှူခံရှေ့မှောက် မိမိကိုယ်လက်ဖြင့် ပေးလှူရခြင်း”လည်း ဖြစ်တယ်၊ “သက္ကစ္စဒါန-ရိုရိုသေသေ ပေးလှူရခြင်း”လည်း ဖြစ်တယ်၊ ဒါ့ကြောင့် ကိုယ်တိုင်ကိုယ်ကျ လှူတာက ကုသိုလ်ပိုရပါတယ်။ အခြေအနေအရ ကိုယ်တိုင် မသွားနိုင်, မပြုနိုင်တဲ့အခါ လူကြုံ လက်ဆင့်ကမ်းလှူဒါန်းရခြင်းဖြစ်၍ ကိုယ်တိုင်လှူဒါန်းသလောက် အားရကျေနပ်မှုလည်း မရှိနိုင်ပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

1 comment:

Followers