Saturday, April 20, 2013

မိဘကျေးဇူး သိတတ်စွာ ဘယ်လိုဆပ်ရမှာ...?


အမည်မသိသူ လျှောက်ထားသောမေးခွန်းမှာ---


ကျေးဇူးရှင်အား၊ ကျေးဇူးများ၊ ဆပ်ငြားလိုပါလျှင်၊
တရားဖြင့်သာ၊ ဘယ်ခြင်းရာ၊ ပြုပါရမည်နည်း?

မေး။ ။(ဂ) ယခုလက်ရှိနှင့် သံသရာဘဝများမှ မိဘဆွေမျိုး ညီအကိုမောင်နှမ ကျေးဇူးရှိသော ကျေးဇူးရှင်များကို တရားတော်ဖြင့် ကျေးဇူးဆပ်ချင်လျှင် ၄င်းဆန္ဒ အမှန်တကယ်ဖြစ်မြောက်လာစေရန် ပြုလုပ်ရမည့် ကုသိုလ်ကောင်းမှုကို အမိန့်ရှိပါဘုရား၊ ဆုတောင်းပြီး ကုသိုလ်ပြုလုပ်လျှင် သေချာပေါက်ဖြစ်မည့် ကုသိုလ်ကောင်းမှုမျိုးကို အမိန့်ရှိပါဘုရား။ 

ဖြေ။ ။(ဂ) ယခုလက်ရှိ မိဘဆွေမျိုး ညီအကိုမောင်နှမ ကျေးဇူးရှိတဲ့ ကျေးဇူးရှင်များကို တရားတော်ဖြင့် ကျေးဇူးဆပ်ချင်လျှင် သူတို့ သီလမရှိသေးလျှင် သီလဆောက်တည်နိုင်အောင်, သဒ္ဓွါတရားမရှိသေးလျှင် သဒ္ဓွါတရားရှိလာအောင်, တရားနာယူမှုမရှိသေးလျှင် တရားနာယူမှုရှိလာအောင်, တရားအားမထုတ်ဖူးသေးရင် တရားအားထုတ်လာအောင် စသည်ဖြင့် နှိုးဆော် တိုက်တွန်း ဆောင်ရွက်ပေးရပါမယ်။

သံသရာဘဝများမှ မိဘဆွေမျိုး ညီအကိုမောင်နှမ ကျေးဇူးရှိတဲ့ ကျေးဇူးရှင်များကို တရားတော်ဖြင့် ကျေးဇူးဆပ်ချင်တဲ့အပိုင်းမှာတော့ သံသရာဆိုတာ ရှည်လျားထွေပြားလှတာမို့ သံသရာမှာ ဆွေမျိုးမတော်စပ်ဖူးသူဆိုတာ မရှိလေတော့ မိမိတို့ကလဲ သူတို့ရဲ့ မိဘဆွေမျိုး ညီအကို မောင်နှမတွေ ဖြစ်ခဲ့ကြတာပါဘဲ၊ အဝိဇ္ဇာက ပိတ်ဖုံး, တဏှာက ရရှိထားတဲ့ ဘဝမှာ တွယ်တာနေလို့သာ မသိကြတာပါ၊ ဖြစ်နိုင်တာက ဘဝများစွာ ပြိတ္တာဖြစ်နေကြသူတွေကတော့ မိမိတို့နှင့်ဆွေမျိုးတော်စပ်ဖူးသူတွေရဲ့ ကုသိုလ်ကောင်းမှု ဖို့အစုကို ပြိတ္တာဘဝမှလွတ်ရေး အတွက် သာဓုခေါ်ဖို့ ဘဝပေါင်းများစွာ စောင့်မျှော်နေကြတာ ရှိတတ်ပါတယ်၊ ဘဝသံသရာမှ တော်စပ်ခဲ့တဲ့ ဆွေမျိုး ပြိတ္တာတွေကို ထိုဘဝမှ လွတ်မြောက်ရန်အတွက် ကုသိုလ်ကောင်းမှုðပလုပ်လျက် လေးလေးနက်နက် အမျှပေးဝေသင့်ပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers