Thursday, September 26, 2013

လောကစောင့်တရား ၂-ပါး---



လောကပါလ (လောကစောင့်) တရား ၂-ပါး

လောကစောင့်တရား ၂-ပါးမှာ--- ဟိရီနှင့် သြတ္တပ္ပဖြစ်၏၊ ဤတရား ၂-ပါးက လောကကို စောင့်ရှောက်နေသည့် အတွက် လူ့လောကမှာ “အမိ, မိကြီး မိထွေး, ဦးရီးမယား, ဆရာ့မယား, ဦးကြီး ဦးလေး ဘကြီး ဘထွေးတို့၏မယား စသည်တို့ဟူ၍ အသိအမှတ်ထား လေးစားနေကြ၏၊ အကယ်၍ ဟိရီနှင့် သြတ္တပ္ပတရား ၂-ပါးက လောကကို မစောင့် ရှောက်ခဲ့လျှင် ဆိတ်,သိုး, ကြက်,ဝက်, အိမ်ခွေး, မြေခွေး (တောခွေး) တိရစ္ဆာန်တို့ကဲ့သို့ “ဤသူမသည် ငါ၏အမိ, ငါ၏မိကြီး မိထွေး, ငါ၏ဦးရီးမယား, ငါ၏ဆရာ့မယား, ငါ၏ဘကြီး ဘထွေး စသောသူတို့၏မယား”ဟူ၍ အရိုအသေ အလေးအမြတ် ပြုခြင်းမရှိပဲ ပိုင်းခြားသတ်မှတ်မှုကင်းမဲ့ကာ (မိန်းမချင်းအတူတူအနေဖြင့်) ရောယှက်ခြင်းသို့ ရောက်သွားလိမ့်မည်။

ဒွေမေ ဘိက္ခဝေ ဓမ္မာ သုက္ကာ လောကံ ပါလေန္တိ။ ကတမေ ဒွေ? ဟိရီ စ သြတ္တပ္ပဉ္စ။ ဣမေ ခေါ ဘိက္ခဝေ ဒွေ သုက္ကာ ဓမ္မာ လောကံ န ပါလေယျုံ၊ နယိဓ ပညာယေထ “မာတာ”တိ ဝါ “မာတုလာနီ”တိ ဝါ “အာစရိယဿ ဘရိယာ”တိ ဝါ “ဂရူနံ ဒါရာ”တိ ဝါ၊ သမ္ဘေဒံ လောကော အဂမိဿ၊ ယထာ အဇေဠကာ ကုက္ကုဋသူကရာ သောဏသိင်္ဂါလာ။ (အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်၊ စရိယသုတ်၊ ၅၃။ ဒုကနိပါတအဋ္ဌ ကထာ၊ စရိယသုတ်အဖွင့်၊ ၇-၈။ ဣတိဝုတ်ပါဠိတော် သုက္ကဓမ္မသုတ်၊ (ခု၊ ၁၊ ၂၁၉)။ မူလပဏ္ဏာသ အဋ္ဌကထာ၊ ၂၊ မဟာအဿပုရသုတ်အဖွင့်၊ ၂၁၃။ အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၇၃။ ဝိသုဒ္ဓိမဂ္ဂ၊ ၂၊ ၉၄။)

ဤ ဟိရီ သြတ္တပ္ပ တရား ၂-ပါးကိုပင် ဒုကနိပါတ် သုက္ကသုတ် (အံ၊ ၁၊ ၅၃)အရ “သုက္ကဓမ္မ- ဖြူစင်သော တရား ၂-ပါး”ဟူ၍ လည်းကောင်း, ဇာတ်ပါဠိတော် ဒေဝဓမ္မဇာတ် (ဇာ၊ ၁၊ ၂)အရ “ဒေဝဓမ္မ-နတ်တို့၏ တရား”ဟူ၍လည်းကောင်း ဆိုပါသည်။

ဒွေမေ ဘိက္ခဝေ ဓမ္မာ သုက္ကာ။ 
ကတမေ ဒွေ? ဟိရီ စ သြတ္တပ္ပဉ္စ။ 
ဣမေ ခေါ ဘိက္ခဝေ ဒွေ ဓမ္မာ သုက္ကာတိ။

ဟိရိသြတ္တပ္ပသမ္ပန္နာ၊ သုက္ကဓမ္မသမာဟိတာ။
သန္တော သပ္ပုရိသာ လောကေ၊ ဒေဝဓမ္မာတိ ဝုစ္စရေ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers