Monday, November 11, 2013

ရေစက်မချခင် ဤသုံးအင် ကြိုတင်လျှောက်ထားပါ---



ကျေးဇူးတော်ရှင် (အဂ္ဂမဟာပဏ္ဍိတ) အဘယာရာမ ဆရာတော်ဘုရားကြီးက “ယထာ ဒါယကာ ဝဒန္တိ၊ တထာ ပဋိပဇ္ဇိတဗ္ဗံ (ဝိ၊ ဋ္ဌ၊ ၄၊ ၉၇)” စူဠဝဂ္ဂါဒိအဋ္ဌကထာစကားအရ ကျောင်းလှူသူ ဒကာ+ဒကာမတို့အား နားလည်အောင် ပြောပြပေးရမည်ဟု မိန့်တော်မူခဲ့ပါတယ်။

(၁) ကျောင်းဒကာ, ကျောင်းအမတို့က “သံဃာတော်အရှင်သူမြတ်တို့ဘုရား တပည့်တော်များ ဆောက်လုပ်လှူဒါန်းအပ်သော ဤကျောင်းကို မဆေးရသေးသောခြေ, ဆေးပြီးသော်လည်း စိုစွတ်သော ခြေတို့ဖြင့် နင်း၍ဖြစ်စေ, ချွေးအညစ်အကြေး လိမ်းကျံတဲ့ ကိုယ်အင်္ဂါတို့ဖြင့် မှီတင်းပွတ်တိုက်၍ဖြစ်စေ ချမ်းချမ်းသာသာ အလိုရှိသလို သုံးဆောင်တော်မူကြပါဘုရား”ဟု လျှောက်ထားခြင်း။

(၂) ဝိနည်းကံအားလျော်စွာ အန္တောဝုတ္ထ အန္တောပက္က အပြစ်ဘေးမှ ကင်းလွတ်၍ ရဟန်း သံဃာတော် အရှင်သူမြတ်အား သင့်လျော်လျောက်ပတ် အပ်စပ်သော ကပ္ပိယကုဋီကို ပြုလုပ်၍ သုံးဆောင်တော် မူကြပါဘုရား-ဟု လျှောက်ထားခြင်း။

(၃) ဤကျောင်းကို ဘုရားအမှူးရှိသော လက်ထက်တော် သာဝက သံဃာတော် အရှင်သူမြတ်များနှင့်တကွ ထိုထိုအရပ်မျက်နှာတို့မှ ရောက်ပြီး, ရောက်ဆဲ, ရောက်လတ္တံ့သော ဓမ္မမွေ့လျော် သံဃာတော်တို့အား နိဗ္ဗာန်ရည်မှန်း၍ လှူဒါန်းပါကုန်၏ ဘုရား- ဟု လျှောက်ထားခြင်းတို့ဖြစ်၏။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers