Tuesday, August 27, 2013

ပဏ္ဍုကမ္ဗလာ၊ မြကျောက်ဖြာ၊ ပူရာ ကြောင်းလေးမျိုး---



ပဏ္ဍုကမ္ဗလာ၊ မြကျောက်ဖြာ၊ ပူရာ ကြောင်းလေးမျိုး

၁။ သိကြားမင်း၏ အသက်ကုန် (အာယုက္ခယ)သဖြင့်လည်း ပဏ္ဍုကမ္ဗလာသည် ပူ၏၊
၂။ သိကြားမင်း၏ ကောင်းမှုကုန် (ပုညက္ခယ)သဖြင့်လည်း ပဏ္ဍုကမ္ဗလာသည် ပူ၏၊
၃။ တစ်ပါးသော ကြီးမားသော တန်ခိုးအာနုဘော်ရှိသောသူသည် ထိုသိကြားမင်းအရာကို တောင့်တသဖြင့်လည်း ပဏ္ဍုကမ္ဗလာသည် ပူ၏၊
၎။ တရားစောင့်ကုန်သော တန်ခိုးကြီးမားကုန်သော ရဟန်းပုဏ္ဏားတို့၏ သီလတန်ခိုးအားဖြင့်လည်း ပဏ္ဍုကမ္ဗလာသည် ပူ၏။

တံ ကိရ သက္ကဿ အာယုက္ခယေန ဝါ ဥဏှံ ဟောတိ ပုညက္ခယေန ဝါ၊ အညသ္မိံ ဝါ မဟာနုဘာဝသတ္တေ တံ ဌာနံ ပတ္ထေန္တေ, ဓမ္မိကာနံ ဝါ မဟိဒ္ဓိကသမဏဗြာဟ္မဏာနံ သီလတေဇေန ဥဏှံ ဟောတိ။
(ဇာတက၊ ဋ္ဌ၊ ၄၊ ကဏှဇာတ်အဖွင့်၊ ၈-၉။)

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers