မိမိသတ္တိ မျှော်မှန်းကြည့်၍
ကိံ မေ ဧကေန တိဏ္ဏေန၊ ပုရိသေန ထာမဒဿိနာ။သဗ္ဗညုတံ ပါပုဏိတွာ၊ သန္တာရေဿံ သဒေဝကံ။(ဗုဒ္ဓဝံသ၊ ၃၁ဝ။ အဋ္ဌသာလိနီ၊ ဋ္ဌ၊ ၄၄။ ဥဒါန၊ ဋ္ဌ၊ ၁၁၇။ ဣတိဝုတ်၊ ဋ္ဌ၊ ၁၁၆။)
ထာမဒဿိနာ- မိမိသတ္တိ, မြှော်မှန်းကြည့်၍, သိရှိထင်ထင်, စွမ်းရည်ကိုမြင်ပါလျက်၊ ဧကေန- အများထိုထို, မကယ်လိုဘဲ, တကိုယ်ထည်းထည်း, ဖော်မမှီးဘဲသာလျှင်၊ တိဏ္ဏေန- သံသရာမြစ်ရေအယဉ်ဝယ်, မဂ္ဂင်လှော်ခတ်, ကူးခတ် ကူးသွားတတ်သော၊ ပုရိသေန- ယောက်ျားဇာနည်, မပီစကောင်း, ကိုယ်ကောင်းငဲ့လျှိုး, ယောက်ျားမျိုးဖြင့်၊ မေ- ဒီပင်္ကရာ, စောမြတ်စွာကို, သေချာဖူးတွေ့, ငါရသေ့အား၊ ကိံ ပယောဇနမေဝ- အဘယ်သို့နည်း, အထင်ကြီး၍, ခိုမှီးအားရ, အသုံး ချတော့အံ့နည်း? နိပ္ပယောဇနမေဝ- သူငါရိုးရိုး, သတွာမျိုးသို့, အားကိုးမရသဖြင့်, အသုံးမကျတော့သာတည်း၊ သဗ္ဗညုတံ- ကြွင်းမဲ့ဥဿုံ, အလုံးစုံကို, အကုန်သိသူ, ဘုရားတဆူအဖြစ်သို့၊ ပါပုဏိတွာ- ဘုရားဆူဆူ, ကျင့်နည်းယူလျက်, ထပ်တူဆင့်ဆင့်, ရောက်အောင်ကျင့်ပြီး၍၊ သဒေဝကံ-နတ်နှင့်တကွ, ဝေနေယျဟု, များလှဘိတောင်း, သတွာအပေါင်းကို၊ သန္တာရေဿံ-သမုဒ်နက်ကျယ်, သံသာနယ်မှ, ထုတ်ဆယ်အတူ, ကယ်တင်တော်မူပေအံ့။
ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့
No comments:
Post a Comment