Tuesday, May 28, 2013

သေခါနီးသော် ပေါ်, မပေါ် ထိုသူ့တိတ်ကံနော်...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


သေခါနီးတွင်၊ တိတ်ကံလျှင်၊ ထင်မြင်တတ်သလော?

မေး။ ။(ဇ) လူတဦး သေခါနီး ဇောတွင် အတိတ်ဘဝများမှ ပြုခဲ့သော ကံများ ထင်တတ်ပါသလားဘုရား?

(ဇ) လူတဦး သေခါနီး ဇောတွင် အတိတ်ဘဝများမှ ပြုခဲ့တဲ့ ကံများထင်တတ်ပါတယ်၊ အပရာပရိယဝေဒနီယ ကံကင်းပြီး သံသရာ၌ ကျင်လည်နေရတဲ့ သတ္တဝါဆိုတာ မရှိပါဘူး၊ ထိုကံဟာ အခွင့်ရလျှင် အကျိုးပေးတာပါဘဲ၊ သံသရာထဲမှာ ဖြစ်နေသရွေ့ အပရာပရိယဝေဒနီယကံက အကျိုးမပေးတော့ဘဲ အဟောသိကံ ဖြစ်သွားရိုး မရှိပါဘူး။ နောက်ဆုံး အရဟတ္တမဂ်ဖြင့် ပယ်ဖျက်လိုက်မှ အကျိုးမပေးတော့တာ ဖြစ်တယ် ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers