Tuesday, October 15, 2013

ခုံပေါ်ထိုင်ကာ ရှိခိုးသော် အကျိုးမည်သို့နော်---?



ရန်ကုန်မြို့, အေဝမ်းရွှေဆိုင်, ဒေါ်ခင်မြအိ လျှောက်ထားသော မေးခွန်းများမှာ—

ကုလားထိုင် ထိုင်ကာ၊ ရှိခိုးတာ၊ ကျိုးမှာ ရပါသလား?

မေး။ ။ (ခ) ဘုရားတပည့်တော်သည် လက်ဆယ်ဖြာ ဦးထိပ်မိုး၍ ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား၊ တပည့်တော်သည် မနက်တိုင်း နံနက် (၅)နာရီမှ (၆)နာရီခွဲအထိ ဘုရားရဲ့ ဒေသနာတော်တွေကို ချီးမြှင့်ပူဇော် ကန်တော့ပါသည်ဘုရား၊ တပည့်တော်သည် ဝပြီး အထိုင်အထ ခက်ခဲပါသည်ဘုရား၊ ဘုရားရှိခိုးပြီးလျှင် တစ်ယောက်က လာပြီး ဆွဲထူရပါတယ်၊ လမ်းလည်း ချက်ချင်း လျှောက်လို့ မရပါဘူးဘုရား၊ တပည့်တော် သူများလဲ အားမကိုးချင်တာနဲ့ ဘုရားနဲ့ (၁ဝ)ပေအကွာလောက်မှာ ကုလားထိုင်တစ်လုံးချပြီး ကုလားထိုင်အနိမ့်လေးပေါ်မှာ ယောဂီတဘက်ကြီးတစ်ထည်ကို တစ်ကိုယ်လုံးခြုံပြီး အဆင်ပြေသလို သက်သာအောင် ထိုင်ပြီး ဘုရားကို ပူဇော် ကန်တော့ပါတယ်ဘုရား၊ အဲဒီလို ရှိခိုးတာ ကုသိုလ်အပြည့်အဝ ရနိုင်, မရနိုင် သိချင်ပါတယ်ဘုရား။

ကုလားထိုင် ထိုင်ကာ၊ ရှိခိုးရာ၊ ကျိုးမှာ ရပါသည်။

ဖြေ။ ။ (ခ) ကျန်းမာရေးအရ ကုလားထိုင်ပေါ်မှာ အဆင်ပြေသလို သက်သာအောင် ထိုင်ပြီး ဘုရားကို ရှိခိုး ပူဇော် ကန်တော့တာ မရိုသေတဲ့စိတ် မပါရှိသောကြောင့် မိမိ၏ သဒ္ဓါ စေတနာနှင့်လျော်စွာ ကုသိုလ်အပြည့်အဝ ရရှိနိုင်ပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers