Monday, October 14, 2013

သင့်ခြေဖဝါး ဓားခွဲမခံရစေလို---



သင့်ခြေဖဝါး ဓားခွဲမခံရစေလို

ကျောင်းဒကာ ဗိမ္ဗိသာရမင်းကြီးသည် ခြေဖဝါးဓားခွဲ၍ ဆားထည့်ထားသော ဆီဖြင့် လိမ်းကျံလျက် ရှားမီးကျီးပေါ်မှာ အကင်ခံရပြီး နတ်ရွာစံရခြင်း အကြောင်းကား “ရှေးက ဘုရားရင်ပြင်တော်ပေါ်ဝယ် ဖိနပ်စီးလျက် သွားမိခြင်း, သံဃာတော်များထိုင်ဖို့ ခင်းထားသော သင်ဖြူးဖျာပေါ်ကို ခြေမဆေးဘဲ တက်နင်းခြင်းတို့ကြောင့် ဖြစ်တယ်၊

ဒါ့ကြောင့် ဥဒ္ဒိဿကစေတီဖြစ်သော ဘုရားဆင်းတုတော်များရှေ့တော်ဝယ် ဖိနပ်စီးခြင်း, မသန့်ရှင်းသော ခြေတို့ဖြင့် နေထိုင်ခြင်းတို့ကို မပြုလုပ်သင့်ကြောင်း သတိပေးစကား ရေးသားအပ်ပါတယ်။။

ရတနာသုံးပါးအပေါ်၌ ရိုရိုသေသေ လေးလေးနက်နက် ကြည်ညိုဆည်းကပ် နိုင်ကြပါစေ၊

King BimbisÈra received the punishment of Cutting open his feet, filling the wounds with salt and vinegar, and burning them with coals, because, in a previous birth he had walked about in the courtyard of a cetiya with shoes on and stepped upon the mat for the Sangha with his dirty feet.

ဝါမဟတ္ထေန ဂေါပ္ဖကေ ဂဟေတွာ ဒက္ခိဏဟတ္ထေန ခုရံ ဂဟေတွာ ပါဒတလာနိ ဖာလေတွာ လောဏတေလေန မက္ခေတွာ ခဒိရင်္ဂါရေဟိ ဝီတစ္စိတေဟိ ပစိံသု။ ရာဇာ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ၊ တဿာယံ နိဿန္ဒောတိ ဝဒန္တိ။ (ဒီ၊ ဋ္ဌ၊ ၁၊ ၁၂၆။)

ဝါမဟတ္ထေန-လက်ဝဲလက်ဖြင့်၊ ဂေါပ္ဖကေ-ဖမျက်၌၊ ဝါ-ဖမျက်တို့ကို၊ ဂဟေတွာ-ကိုင်၍၊ ဒက္ခိဏ ဟတ္ထေန-လက်ယာလက်ဖြင့်၊ ခုရံ-သင်ဓုန်းကို၊ ဂဟေတွာ-ကိုင်၍၊ ပါဒတလာနိ-ခြေဖဝါးအပြင်တို့ကို၊ ဖာလေတွာ-ခွဲ၍၊ လောဏတေလေန-ဆားထည့်ထားသောဆီဖြင့်၊ မက္ခေတွာ-လိမ်းကျံ၍၊ ဝီတစ္စိတေဟိ-ကင်းသောအလျှံရှိကုန်သော၊ ခဒိရင်္ဂါရေဟိ-ရှားမီးကျီးတို့ဖြင့်၊ ပစိံသု-ကင်ကြကုန်ပြီ။

ကိရ-တဆင့်စကား ကြားဖူးသည်ကား၊ ရာဇာ- ဗိမ္ဗိသာရမင်းသည်၊ ပုဗ္ဗေ-ရှေး၌၊ စေတိယင်္ဂဏေ-စေတီရင်ပြင်ပေါ်၌၊ သဥပါဟနော- ဖိနပ်စီးလျက်၊ အဂမာသိ-သွားဖူးပြီ၊ နိသဇ္ဇနတ္ထာယ-သံဃာတော်၏ ထိုင်ခြင်းအကျိုးငှာ၊ ဝါ- ထိုင်ဖို့အတွက်၊ ပညတ္တကဋသာရကဉ္စ- ခင်းထားအပ်သော သင်ဖြူးဖျာပေါ်ကို လည်း၊ အဓောတေဟိ- မဆေးအပ်ကုန်သော၊ ဝါ- မဆေးကုန်သော၊ ပါဒေဟိ- ခြေတို့ဖြင့်၊ အက္ကမိ- နင်းဖူးပြီ၊ အယံ- ဤခြေကိုခွဲ၍ ဆား ဆီဖြင့်နယ်ကာ မီးကင်ခံရခြင်းသည်၊ တဿ-ထိုကံ၏၊ နိဿန္ဒော- အကျိုးဆက် တည်း၊ ဣတိ- ဤသို့၊ ဝဒန္တိ- ဆိုကြကုန်၏။

ဓားခွဲခံရခြင်း၊ ဗိမ္ဗိမင်း၊ ကြောင်းရင်း ဘယ်သို့နည်း?
စေတီယင်ပြင်၊ ဖိနပ်စီးဝင်၊ မှန်ပင် ကြောင်းတစ်ရပ်၊
သံဃာ့နေရာလေး၊ ခြေမဆေး၊ တက်ရေး ကြောင်းတစ်ရပ်၊
ဗိမ္ဗိသာရမင်း၊ ဓားခွဲခြင်း၊ ကြောင်းရင်း ဤနှစ်ရပ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

King Bimbisara Movie


No comments:

Post a Comment

Followers