Sunday, March 30, 2014

တာဝန်ကိုယ်စီ ရှိကြသည်...



“တာဝန်” ဆိုတာ “မလွှဲမသွေ လုပ်ဆောင်ရမည့်အမှုကိစ္စ” ဖြစ်သည်။ 

တာဝန်တခု မိမိအပေါ် လုပ်ဆောင်ရန် ကျရောက်လာပြီဆိုလျှင် လုပ်ကိုလုပ်ရမည်ဖြစ်သည်၊ မျက်မှောက်ခေတ်၌ လူ့အသင်းအဖွဲ့မှာဖြစ်စေ, ရဟန်းတော် အသင်းအဖွဲ့မှာဖြစ်စေ မိမိတို့အနေနဲ့ ကျရာတာဝန်ကို မဆောင်ရွက်နိုင်ကြဘူးဆိုလျှင် ထိုအသင်းအဖွဲ့ဟာ ဘယ်တော့မှ မတိုးတက်ဘူး၊ ဆုတ်ယုတ်ပျက်စီးဖို့သာဖြစ်မည်။ မိမိကျရာတာဝန်ကို ဆောင်ရွက်တဲ့နေရာတွင် သူတပါး၏တာဝန်အပေါ် စွက်ဖက်တာ နှောင့်ယှက်တာ မဖြစ်စေပဲ ကူညီမှု ပံ့ပိုးမှုသာ ဖြစ်သင့်သည်။


ခရမ်းမြို့ သပြေကုန်း မဟာစည် သာသနာ့ရိပ်သာ ဆရာတော် ဦးသုမန၏သြဝါဒ အသင်းအဖွဲ့ပျက်ကြောင်း ၃-ပါး

ဖိတ်ခေါ်မလာ၊ ဘေးမှာ ပြစ်ပြော၊
ငွေသဘော၌၊ ပြေချောမလွယ်၊
ဤသုံးသွယ်၊ မှတ်ဖွယ် သင်းပျက်ကြောင်း။

(၁) အစည်းအဝေးဖိတ်ခေါ်သောအခါ မတက်ရောက်ခြင်း၊
(၂) ပြင်ပမျက်ကွယ်၌ တစ်ဦးနှင့်တစ်ဦး အပြစ်ပြောခြင်း၊
(၃) ငွေစာရင်း ရှင်းတမ်းများ ချောမွေ့ပြေပြစ်မှု မရှိခြင်း။

အဖွဲ့ပျက်ခြင်းအကြောင်း ၃-ပါး

(၁) ဗဟုနေတ္တာရ- နည်းညွှန်လမ်းပြ အကြီးအမှူးလုပ်လိုသူ ပေါများခြင်း၊ (လူကြီးလုပ်ချင်သူ ပေါများခြင်း)၊
(၂) သဗ္ဗပဏ္ဍိတမာနီ- မိမိကိုယ်ကို ပညာရှိဟု ဘဝင်မြင့်သူ များခြင်း၊
(၃) ဗဟုမဟိစ္ဆာ- ရာထူးမက်မောသူ များခြင်း။

(၁) ရှေ့ဆောင်ကြီးသူ၊ လုပ်လိုသူ၊ များမူ သင်းပျက်တတ်၊
(၂) ဘဝင်မြင့်ဘိ၊ ပညာရှိဟု၊ ထင်သည့်သူတွေ၊ များပြားပေ၊ မှတ်လေ သင်းပျက်တတ်၊
(၃) ရာထူးမက်မော၊ သူတွေပေါ၊ ထိုရော သင်းပျက်တတ်။


******
ကောင်းတာပြောပြု ကောင်းသောမှု ပြုစုတတ်ကြစေ. PDF File link
******************


Friday, March 14, 2014

ဘာဝ ၃-မ်ဳိး---



ဘာဝ ၃-မ်ဳိး

(၁) နာနာဘာဝ=ရှင်ကွဲ ကွဲခြင်း။
(၂) ဝိနာဘာဝ=သေကွဲ ကွဲခြင်း။
(၃) အညထာဘာဝ=ဘဝခြား၍ ကွဲခြင်း။

နာနာဘာဝေါတိ သရီရေန နာနာဒေသဘာဝေါ၊ ဝိပ္ပဝါသောတိ အတ္ထော။
ဝိနာဘာဝေါတိ မရဏေန ဝိယုဇ္ဇနံ။
အညထာဘာဝေါတိ ဘဝန္တရူပဂမနေန အညာကာရပ္ပတ္တိ။ (ဝိမတိ၊ ၂၊ ၂၆၆။)

နာနာဘာဝေါတိ ဇာတိယာ နာနာဘာဝေါ၊ ဇာတိအနုရူပဂမနေန ဝိသုံဘာဝေါ၊ အသမ္ဗဒ္ဓဘာဝေါတိ အတ္ထော။
ဝိနာဘာဝေါတိ မရဏေန ဝိနာဘာဝေါ၊ စုတိယာ တေနတ္တဘာဝေန အပုနပဝတ္တနတော ဝိပ္ပယောဂေါတိ အတ္ထော။
အညထာဘာဝေါတိ ဘဝေန အညထာဘာဝေါ၊ ဘဝန္တရဂ္ဂဟဏေန “ကာမာဝစရသတ္တော ရူပါဝစရော ဟောတီ”တိ အာဒိနာ တတ္ထာပိ “မနုေဿာ ဒေဝေါ ဟောတီ” တိ အာဒိနာ စ ပုရိမာကာရတော အညာကာရတာတိ အတ္ထော။ (သာရတ္ထ၊ ၃၊ ၄၄၇-၄၄၈။)

နာနာဘာဝေါတိ- ဟူသည်ကား၊ သရီရေန- ကိုယ်ဖြင့်၊ နာနာဒေသဘာဝေါ- အထူးထူးသောအရပ်သို့ သွားခြင်းတည်း၊ ဝိပ္ပဝါသော- ကွေကွင်းခြင်းတည်း။ ဣတိ အတ္ထော- ဤကားအနက်။ ဝိနာဘာဝေါတိ- ဟူသည်ကား၊ မရဏေန- သေသဖြင့်၊ ဝိယုဇ္ဇနံ- ကွေကွင်းခြင်းတည်း။
အညထာဘာဝေါတိ- ဟူသည်ကား၊ ဘဝန္တရူပဂမနေန-ဘဝတပါးသို့ ရောက်သဖြင့်၊ အညာကာရပ္ပတ္တိ-တပါးသော အခြင်းအရာဖြင့် ဖြစ်ခြင်းတည်း။ (ဝိမတိ၊ ၂၊ ၂၆၆။)

နာနာဘာဝေါတိ-ကား၊ ဇာတိယာ-ဇာတ်အားဖြင့်၊ နာနာဘာဝေါ-အသီးဖြစ်ခြင်း၊ ဇာတိအနုရူပဂမနေန-ဇာတ်အားလျော်သည်သို့ရောက်ခြင်းဖြင့်၊ ဝိသုံဘာဝေါ- အသီးအခြားဖြစ်ခြင်း၊ အသမ္ဗဒ္ဓဘာဝေါ-မဖွဲ့ မစပ်အပ်သည်၏အဖြစ်၊ ဣတိ အတ္ထော-ဤကားအနက်။
ဝိနာဘာဝေါတိ-ကား၊ မရဏေန-သေခြင်းဖြင့်၊ ဝိနာဘာဝေါ-ကင်း၍ဖြစ်ခြင်း၊ (ကွေကွင်းရခြင်း၊) စုတိယာ-စုတိအားဖြင့်၊ တေနတ္တဘာဝေန-ထိုအတ္တဘောအားဖြင့်၊ အပုနပဝတ္တနတော-တဖန်မဖြစ်ခြင်းကြောင့်၊ ဝိပ္ပယောဂေါ-ကင်းခြင်းတည်း၊ ဣတိ အတ္ထော-ဤကားအနက်။
အညထာဘာဝေါတိ-ကား၊ ဘဝေန-ဘဝအားဖြင့်၊ အညထာဘာဝေါ-တပါးသောအခြင်းအရာ အားဖြင့် ဖြစ်ခြင်း၊ ဘဝန္တရဂ္ဂဟဏေန-ဘဝတပါးကို ယူခြင်းဖြင့်၊ “ကာမာဝစရသတ္တော-ကာမာဝစရသတ္တဝါသည်၊ ရူပါဝစရော-ရူပါဝစရသတ္တဝါသည်၊ ဟောတိ-ဖြစ်၏၊”ဣတိ အာဒိနာ-ဤသို့အစရှိသဖြင့်လည်းကောင်း၊ တတ္ထာပိ-ထိုစကားရပ်၌လည်း၊ “မနုေဿာ-လူသည်၊ ဒေဝေါ-နတ်သည်၊ ဟောတိ-၏၊”ဣတိ အာဒိနာ စ-ဤသို့အစရှိသဖြင့်လည်းကောင်း၊ ပုရိမာကာရတော-ရှေ့၌ဖြစ်သောအခြင်းအရာမှ၊ အညာကာရတာ-အခြားတပါးသောအခြင်း အရာ၏အဖြစ်တည်း၊ ဣတိ အတ္ထော-ဤကားအနက်။ (သာရတ္ထ၊ ၃၊ ၄၄၇-၄၄၈။)

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Followers