Sunday, March 30, 2014

တာဝန်ကိုယ်စီ ရှိကြသည် ---



“တာဝန်”ဆိုတာ “မလွှဲမသွေ လုပ်ဆောင်ရမည့်အမှုကိစ္စ”ဖြစ်သည်။ 

တာဝန်တခု မိမိအပေါ် လုပ်ဆောင်ရန် ကျရောက်လာပြီဆိုလျှင် လုပ်ကိုလုပ်ရမည်ဖြစ်သည်၊ မျက်မှောက်ခေတ်၌ လူ့အသင်းအဖွဲ့မှာဖြစ်စေ, ရဟန်းတော် အသင်းအဖွဲ့မှာဖြစ်စေ မိမိတို့အနေနဲ့ ကျရာတာဝန်ကို မဆောင်ရွက်နိုင်ကြဘူးဆိုလျှင် ထိုအသင်းအဖွဲ့ဟာ ဘယ်တော့မှ မတိုးတက်ဘူး၊ ဆုတ်ယုတ်ပျက်စီးဖို့သာဖြစ်မည်။ မိမိကျရာတာဝန်ကို ဆောင်ရွက်တဲ့နေရာတွင် သူတပါး၏တာဝန်အပေါ် စွက်ဖက်တာ နှောင့်ယှက်တာ မဖြစ်စေပဲ ကူညီမှု ပံ့ပိုးမှုသာ ဖြစ်သင့်သည်။


ခရမ်းမြို့ သပြေကုန်း မဟာစည် သာသနာ့ရိပ်သာ ဆရာတော် ဦးသုမန၏သြဝါဒ အသင်းအဖွဲ့ပျက်ကြောင်း ၃-ပါး

ဖိတ်ခေါ်မလာ၊ ဘေးမှာ ပြစ်ပြော၊
.ငွေသဘော၌၊ ပြေချောမလွယ်၊
ဤသုံးသွယ်၊ မှတ်ဖွယ် သင်းပျက်ကြောင်း။

(၁) အစည်းအဝေးဖိတ်ခေါ်သောအခါ မတက်ရောက်ခြင်း၊
(၂) ပြင်ပမျက်ကွယ်၌ တစ်ဦးနှင့်တစ်ဦး အပြစ်ပြောခြင်း၊
(၃) ငွေစာရင်း ရှင်းတမ်းများ ချောမွေ့ပြေပြစ်မှု မရှိခြင်း။

အဖွဲ့ပျက်ခြင်းအကြောင်း ၃-ပါး

(၁) ဗဟုနေတ္တာရ- နည်းညွှန်လမ်းပြ အကြီးအမှူးလုပ်လိုသူ ပေါများခြင်း၊ (လူကြီးလုပ်ချင်သူ ပေါများခြင်း)၊
(၂) သဗ္ဗပဏ္ဍိတမာနီ- မိမိကိုယ်ကို ပညာရှိဟု ဘဝင်မြင့်သူ များခြင်း၊
(၃) ဗဟုမဟိစ္ဆာ- ရာထူးမက်မောသူ များခြင်း။

(၁) ရှေ့ဆောင်ကြီးသူ၊ လုပ်လိုသူ၊ များမူ သင်းပျက်တတ်၊
(၂) ဘဝင်မြင့်ဘိ၊ ပညာရှိဟု၊ ထင်သည့်သူတွေ၊ များပြားပေ၊ မှတ်လေ သင်းပျက်တတ်၊
(၃) ရာထူးမက်မော၊ သူတွေပေါ၊ ထိုရော သင်းပျက်တတ်။


******
.ကောင်းတာပြောပြု ကောင်းသောမှု ပြုစုတတ်ကြစေ. PDF File link
******************


No comments:

Post a Comment

Followers